Posts

Showing posts from June, 2022

ချစ်ရပါသော....

 ချစ်ရပါသော..... မိန်းကလေးတွေဟာ...စိတ်ကူးယဥ်တတ်ကြလွန်းတယ်... အချို့မိန်းကလေးတွေဟာ သူ့ချစ်သူကို ဘယ်လိုနာမည်လေးခေါ်မယ်က အစ မိသားစုတစ်ခုဖြစ်လာရင် ဘယ်လိုပြုစုမယ်အဆုံး သူမတို့ရဲ့စိတ်ထဲမှာ အစီအစဉ်ချထားတဲ့အထိပါပဲ ကျွန်မလည်း...ဒီလိုပါပဲ ကျွန်မချစ်သူကို... ကျွန်မတစ်ဦးတည်းကပဲ အောင်...ဆိုတဲ့နာမည်လေး ပေးထားမိတယ် သူ့နာမည်က အောင် ချစ်ရပါသော ကောင်ကလေးနာမည်က အောင်။ မှတ်မှတ်ရရ...အဲ့ဒီနေ့က ဒီဇင်ဘာလ ၂၃ရက်ပေါ့ အောင်..ဆိုသော အေးစက်စက်ကောင်လေးနဲ့ စတွေ့ရတာ၊ လူတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားချက်မျိုးလဲ ကျွန်မ မသိတတ်ပေမယ့် အောင့်ကို တွေ့ရတုန်းက အောင်ဟာ သိပ်ချစ်ဖို့ကောင်းတာကိုတော့ သတိပြုမိခဲ့တယ် တည်တည်တံ့တံ့မျက်နှာမျိုးနဲ့ အောင်ဟာ ဆွဲဆောင်တယ် အေးစက်စက်အပြုံးလေးနဲ့ အောင်ဟာ ရင်ခုန်အောင် လုပ်တယ် မသိစိတ်ကို ကျော်လွန်ပြီး. အသိစိတ်ထဲထိ ကျွန်မနှလုံးသားနေရာမှာ အပိုင်စိုးစေခဲ့တယ် အောင် သာလျှင် ကျွန်မချစ်သူ အောင် တစ်ဦးတည်းကိုသာလျှင် ကျွန်မ လက်ထပ်ချင်မိတဲ့သူ..... ဝါသနာတူလို့ သတိထားမိတာလား.... အိပ်မက်တွေ တူလို့ မျှော်လင့်မိတာလား မိန်းကလေးတစ်ယောက်ဟာ အချစ်ကို အစပျိုးတတ်ခဲ့ပြီ အောင် ကတော့ သိပုံမပေါ်သေးပေမယ့် ကျွန်မကလည...