Posts

Showing posts from October, 2021

ညီမလေး....သို့၇

 ညီမလေးသို့……… ၇ ညီမလေးရေ  တစ်ခါတလေ တစ်ခါတရံ နေရတာ အဓိပ္ပာယ်မဲ့နေသလိုလိုပေါ့ မျက်နှာသစ်ဖို့  သွားတိုက်တံကို ကိုင်မိတာမျိုး ငိုချင်လျက်နဲ့  ရယ်ပစ်လိုက်တာမျိုး ဗိုက်မဆာဘဲနဲ့လည်း စားစရာကိုပဲ  ရှာနေမိတာမျိုး တစ်နေရာရာကိုပဲ  ပြေးထွက်သွားချင်တာမျိုး တစ်ယောက်ယောက်ကိုပဲ ဒေါသဖြစ်နေသလိုမျိုး တကယ်  ကိုယ့်ကိုယ်ကို  ဘာဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတာမျိုး အဲ့ဒီလိုမျိုး  ပေါ့ ဒါပေမယ့်လည်း  နေတတ်အောင် နေရတာပါပဲ မမတို့က  ပုထုဇဉ်တွေတဲ့ အလိုမကျခြင်းတွေနဲ့တွေဝေခြင်းတွေကို  မရှောင်နိူင်သေးဘူးတဲ့ ဘာပဲဖြစ်ဖြစ်ပါလေ ကိုယ့်အစီအစဉ်နဲ့ကို ကိုယ့်စိတ်ကို  ထိန်းညှိပြီး ဆက်လျှောက်ရဦးမှာပါပဲ ဒီနေ့တွေအတွက်  ကျေကျေနပ်နပ်ကြီး ဖြစ်နေအောင် ကိုယ့်လုပ်ရပ်တိုင်းအတွက်  နောင် မတ မိအောင် အမှားတွေဟာ  အမြဲ မမှားနိူင်ကြောင်း အမှန်တွေမှာလည်း  အမှားရှိတတ်ကြောင်း သင်ယူ ဆင်ခြင်တတ်ရမယ် တစ်ယောက်တည်း  နေရင်း ငြီးငွေ့လာကောင်း  လာလိမ့်မယ်  အဲ့ဒီတော့ သူငယ်ချင်းအပေါင်းအသင်း အစုအဖွဲ့  အသင်းအဖွဲ့တွေနဲ့ နေတတ်ထိုင်တတ်အောင်လည်း  လိုအပ်နေပြန်...

အချိန်တွေဟာ တိမ်တွေလို

 💙အချိန်တွေက တိမ်တွေလိုပဲ💙 အချိန်တွေက အိုမင်းလွယ်လိုက်တာ  ဂျစ်ပစီလိုကောင်လေးတစ်ယောက်ကနေ  အတော်အတန်ရင့်ကျက်လာပြီဖြစ်တဲ့ကောင်လေးတစ်ယောက်  အငိုလွယ်တဲ့ကောင်မလေးကနေ  အပြုံးလှတဲ့ကောင်မလေးတစ်ယောက်  ရင့်ကျက်ပြီထင်ပါတယ်  အရာရာဟာ ချစ်တဲ့မျက်စိနဲ့မြင်တတ်ပြီ ရင့်ကျက်ပြီထင်ပါတယ်  အရာရာကို နားလည်တတ်ခဲ့ပြီ  ရင့်ကျက်ပြီထင်ပါတယ်  အရာရာဟာ ဒီလိုနည်းအတိုင်းလေးပဲ  ရင့်ကျက်ပြီထင်ပါတယ် ပျော်ရွှင်ခြင်းလည်း ရှာတတ်ပြီ ငြိမ်းအေးခြင်းလည်း ဆောင်တတ်ပြီ ရင့်ကျက်ပြီထင်ပါတယ်  အစားအသောက်လည်း မရွေးတော့ဘူး  ရင့်ကျက်ပြီထင်ပါတယ် သူငယ်ချင်းနဲ့လည်း စိတ်မဆိုးတတ်တော့ဘူး ရင့်ကျက်ပြီထင်ပါတယ် အပေါင်းအသင်း  မရှာတော့ဘူး ရင့်ကျက်ပြီထင်ပါတယ် စိတ်လေပြီး ပေါက်ကရ လျှောက်မလုပ်တော့ဘူး  ရင့်ကျက်ပြီထင်ပါတယ် အပေါ်ယံအရေပြားအယောင်ဆောင်တွေ မကြိူက်တတ်တော့ဘူး ရင့်ကျက်ပြီထင်ပါတယ် ဟန်ဆောင်အတုအယောင်တွေ မြင်တတ်ပြီ ရင့်ကျက်လာပြီထင်ပါတယ် လျစ်လျူရှု့စရာတွေလည်း လုပ်တတ်ပြီ ရင့်ကျက်လာပြီထင်ပါတယ် စကားတွေ ပိုနည်းလာတယ် ရင့်ကျက်လာပြီထင်ပါတယ် နှောင်ဖွဲ့တာတွေ ချည်နှောင်တာတွေ မကြိုက်တော့ဘ...

Dream catcher

 💙Dream💙 အိပ်မက်လှလှမက်ပါစေ ဆုတောင်းမျိုး ကျွန်တော် တကယ် မက်မောပါတယ် အိပ်မက်ထဲမှာ ကျွန်တော်က စောင့်နေတဲ့ ကျွန်တော့ကိုစောင့်နေတဲ့ အရာတွေ အိပ်မက်ထဲမှာ ကျွန်တော်က တောင့်တရတဲ့ ကျွန်တော့်ကိုတောင့်တစေတဲ့ အရာတွေ အိပ်မက်ထဲမှာ ကျွန်တော် ချစ်ရတဲ့အရာတွေကို ကျွန်တော်ပိုင်ဆိုင်နေတယ် လန့်နိုးသွားရမယ်ဆိုရင်တောင် ထိတ့်လန့်မနေစေဘဲ ကျွန်တော့်နှုတ်ခမ်းတွေမှာ အပြုံးပန်းတွေပွင့်စေနိူင်တာမျိုး မိုးလင်းသွားမယ်ဆိုရင်တောင် စိတ်မပူနေစေဘဲ ကျွန်တော့မနက်ခင်းတွေမှာ အားအင်တွေ ပေးစွမ်းနိုင်တာမျိုး ဘဝမှာ ကျွန်တော်ချစ်တဲ့အရာတွေရယ် ကျွန်တော့ကို ချစ်တဲ့သူတွေရယ် ကျွန်တော်က အတူရှိစေချင်သူတွေရယ် ကျွန်တော့အိပ်မက်ကလေးရယ် ဒါတွေဟာ ကျွန်တော်ထဲ စိတ်ကူးယဉ်နေတယ်ထင်ကောင်းထင်မယ် ဒါပေမယ့် အိပ်မက်တွေက ကျွန်တော့ကို အမြဲပျော်စေခဲ့ပါတယ် ကျွန်တော်က ကျွန်တော့်ကို ပျော်စေတာတွေဆို ကျွန်တော်ချစ်တဲ့သူတွေကို ဝေမျှပေးတတ်တယ်လေ ဒါကြောင့် ခင်ဗျားလည်း  💙အိပ်မက်လှလှ မက်ပါစေနော်💙 ##KCM'sdiary 💟

Regrets

 Do you have.... regrets or just a little one? ဒီမေးခွန်းလေးကို ဖြေပေးနိူင်မလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မေးကြည့်ဖူးလား အလယ်တန်းတုန်းက မြန်မာစာခက်ဆစ်ထဲမှာတော့ နောင်တ ဆိုတဲ့စကားလုံးအဓိပ္ပါယ်ကို ကျက်မှတ်ခဲ့ဘူး။သေချာတော့ မမှတ်မိတော့ပေမယ့် သူ့ဆိုလိုရင်းက ရိုးရှင်းပါတယ် လုပ်ရမယ်ဆိုတာ သိပါလျက် လုပ်ချင်ပါလျက် မလုပ်ဖြစ်ခဲ့တာမျိုးပါပဲ။ အဲ့ဒီအချိန်တုန်းကတော့  ငါတော့ နောင်တ မရအောင် နေမယ်လို့ တွေးထားခဲ့တာပဲ၊ဒါပေမယ့်လည်း ဒါဟာ ဘဝအကြောင်းထဲ ခြေမဆန့်တတ်သေးတဲ့ တစ်ဆယ်စွန်းစွန်း အရွယ်ပဲမလား။ ဖြစ်ချင်တာပဲ သိတယ် ဘယ်လိုလုပ်ရမယ် ကောင်းကောင်း မသိသလို ဖြစ်လာတဲ့အရာပေါ်မှာလည်း အတိအကျ မစဉ်းစားတတ်သေးတဲ့အရွယ်ပဲ မလား ခုကျတော့ ဘာကြောင့်မှန်းမသိ အဲ့ဒီအရွယ်ကို လွမ်းတယ်။ ဘဝရဲ့အစ နေ့တွေကို လွမ်းတယ် နောက်တစ်ချိန် ပြန်စလို့ ရမလား ဆိုတဲ့ အတွေးနဲ့ လွမ်းတယ် အဲ့ဒီတုန်းက ဘဝအတွက် အဆင်သင့်မဖြစ်သေးတာမို့ အခုက အဆင်သင့်ဖြစ်နေပြီမို့ စတဲ့ ဒီလိုမျိုး နောင်တ နည်းနည်းပါတဲ့ အတွေးတွေပေါ့။ အဲ့ဒီနေ့က ထီး ယူသွားဖြစ်ခဲ့ရင် အဲ့ဒီနေ့က မငြင်းပယ်ဖြစ်ခဲ့ရင် အဲ့ဒီနေ့က ကျောင်း နောက်မကျခဲ့ရင် အဲ့ဒီနေ့က သူတို့ပြောတာ နားထောင်ဖြစ်ခဲ့ရင် အဲ့ဒီနေ...