ချစ်ရပါသော ၃
ချစ်ရပါသော......၃ အမျိုးသားတွေဟာ.... အရက်ဘီယာနဲ့ မကင်းနိူင်ကြတာလား... တမင်...မကင်းချင်ကြတာလား.... ဪ...ခက်ပါလား..... အောင် ကလည်း အမျိုးသားတစ်ယောက်ပါပဲလေ၊ ဒီနေ့က....စနေနေ့မို့ အောင်နဲ့..ပြန်ဆုံရပြန်ပြီ ဘာလို့ဆို ကျွန်မတို့က ယဥ်ကျေးမှုအနုပညာကျောင်းမှာ Sat-Sun အချိန်ပိုင်း ပန်းချီသင်တန်းတက်နေကြတာကြောင့်ပါ၊ အဲ့ဒီတော့...အပတ်တိုင်း အောင်နဲ့တွေ့ဖို့အခွင့်အရေးဟာ..ဘုရားဖူးရင်း လိပ်ဥတူးသလို.အလိုလို ပေါ့လေ၊ အတန်းချိန် ၃ နာရီပြီးရင် ဖြစ်ဖြစ် ၊ အတန်းချိန် မစခင်ဖြစ်ဖြစ် အောင်နဲ့ကျွန်မဟာ..ထွေရာလေးပါးဆိုရမလား... ဟိုရောက်ဒီရောက်နဲ့ စကားတွေ ဖောင်ဖွဲ့ဖြစ်ကြတယ်၊ အဲ့ဒီနေ့က ကျွန်မက အရင် စ မေးလိုက်တယ်၊ "အောင်တို့ ယောကျာ်းကလေးတွေဟာ ဘာလို့အရက်သောက်ကြတာလဲ" အောင်ကတော့ အောင့်အကျင့်အတိုင်း ပြုံးရယ်နေပြန်ပြီ၊(ကျွန်မမှာတော့ အူယားအသဲယား သဘောကျနေရတယ်) "သောက်ချင်ကြလို့ရယ်တော့ မဟုတ်ပါဘူး ညီမရယ်၊အကြောင်းအမျိုးမျိုးပေါ့၊တချို့ကတော့..အရွယ်ရောက်စ စမ်းသပ်ကြတယ်၊နောက်ပြီး စွဲသွားကြတယ်၊တချို့ကကျ ပျော်ပွဲရွှင်ပွဲတွေ၊မိတ်ဆုံစားပွဲနဲ့အောင်ပွဲခံ ပွဲမျိုးမှာ ဆိုရှယ်ကျကျ မိတ်ဖြစ်ဆွေဖြစ်ပေါ့၊ တချို့ကတော့...ပတ်ဝန်းကျင်အပ...