Posts

ဤတော်လှန်ရေးအလွန်

  ဤတော်လှန်ရေး.....အလွန်🛑။ အောက်ပါ အကြောင်းအရာများသည် ကျွန်ုပ်၏ကိုယ်ပိုင်ဘဝမှ လာသောအသိသညာမျှသာ။အကြောင်းအရာများ လွဲနေပါက ကျွန်ုပ်၏ အသိဗဟုသုတကြောင့်ပင်။ ဗမာ လူမျိုးကြီးဝါဒ ဆိုတဲ့စကား ကြားတိုင်း ကျွန်တော်လည်း ဝမ်းနည်းရပါတယ်။သိမ်ငယ်ရပါတယ်။ အကြောင်းက ဗမာလူတစ်စုကြောင့် အခြားတိုင်းရင်းသားတွေ နာကျင်ခဲ့ရတယ်ဆိုတာကို သိနေရပြီး ကိုယ်တိုင်က ဗမာ ဖြစ်နေခဲ့ရလို့ပါပဲ။ ကျွန်တော်က ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဝမ်းနည်းလာရင် ငိုဖို့ပဲ သိပါတယ်။ ငိုခဲ့ဖူးတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးလို့ပါပဲ။ ဆိုတော့ သင် ကြုံတွေ့ဖူးတဲ့လူတွေနဲ့ အခြားလူတစ်ယောက်ကို မငြိစွဲစေချင်ဘူး၊ သင်က ဆိုးတဲ့ သူနဲ့ ကြုံခဲ့ရတာဟာ သင် ကံမကောင်းသေးလို့ ဖြစ်ပါလိမ့်မယ်၊ ကောင်းမွန်တဲ့ နတ်သမီးလေးတွေဟာ တကယ် ရှိတတ်ပါတယ်။ ကျွန်တော် က ကျွန်တော့်ကလေးတွေကို လူမျိုးစုတွေအကြောင်း သင်ပေးရတိုင်း "ဒီနိူင်ငံမှာ တိုင်းရင်းသား (၈)မျိုး_ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း ဟူ၍ ရှိပြီး လူမျိုးစုတစ်ခုစီကနေလည်း လူမျိုးစု အသီးသီး(၁၃၅)စု ထိ(မက) ရှိကြောင်း၊ ဥပမာ_ကချင်မှာ ဆို လီဆူ၊ရဝမ် ၊ ချင်းမှာ ဆို တီးတိန်၊ ဖလန်း၊ ရခိုင်မှာ ဆို ခမာ၊ မြို ၊ ကရင်မှာ ဆို စကော၊ ...

လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း

ဒီခေါင်းစဉ်ကြီးကို ရေးဖို့က ကျွန်တော့်အတွက် နည်းနည်းအားကြီးပေမယ့် ကျွန်တော့်ဘဝထဲက ဖြစ်တည်လာတဲ့အတိုင်း ရေးပါမယ်။ ကျွန်တော့်ဘဝ ဘယ်တုန်းကတည်းက စခဲ့လဲ မသိပေမယ့် ကျွန်တော်ဆိုတာ ၈၈ ခုနှစ်ရဲ့ ဆယ်စုနှစ်အလွန် ငြိမ်းချမ်းသယောင် ထင်ရပြီး အစစ်အမှန်မရှိသေးတဲ့  ရွှေဘို_မန္တလေး မင်းနေပြည်တော်ကြား ရှေးဟောင်းအမွေအနှစ် စာရင်းဝင်၊ မြန်မာစာ သင်ရိုးပြဌာန်းစာအုပ်မှာ သင်ကြားခွင့်ရတဲ့‌ နယ်၊ အင်္ဂလိပ်၊ ဗြိတိသျှ တွေ ကိုယ်တိုင် နယ်မြေ အမည်ပေးခဲ့တဲ့ ဒေသလေး၊ ဧရာဝတီရဲ့မလှမ်းမကမ်း ကျန်စစ်သား၊မင်းတုန်းမင်း နယ်လှည့်ဖူးတဲ့ အရပ်မှာ  နယ်မြို့လေးရဲ့ လေးပုံတစ်ပုံ၊ အရှေ့ခြမ်းရဲ့ သုံးပုံတစ်ပုံရဲ့အလယ်၊(ခု လက်ရှိတိုင် တော်လှန်မြေ) သူ့မိသားစုမှာတော့ သူဟာ ရုန်းကန်သူ ဖြစ်ပေးခဲ့ရပေမယ့် တစ်ဦးတည်းသော အမေ့ရဲ့အချစ်တွေကို ရရှိခဲ့ပြီးနောက် ယောက္ခမရဲ့အရှိန်အဝါနဲ့ သူဟာ အများနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ ဦးဆောင်၊လမ်းညွှန်ပေးခဲ့သူ အဖေ့ရဲ့သမီးတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ကလေး ဘဝတုန်းက စိတ်ထဲမှာ အဖေ့သမီး ဖြစ်ရတာ ဂုဏ်ယူမှုဖြစ်ခဲ့ရဖူးတယ်။ ငါ့အဖေက ဒီလိုလူမျိုးလေ ငါ့အဖေက ဒီလိုအလုပ်တွေ လုပ်ပေးတဲ့သူပေါ့။ ဆယ်ကျော်သက်အရွယ်ရောက်တော့ အဖေ့ကို မချစ်တေ...

ချစ်ရပါသော

 ချစ်ရပါသာ  ဝတ္ထုတို အစအဆုံး (Fb link) https://m.facebook.com/story.php?story_fbid=pfbid027ZEV2zb2zpMv8xZSx3qHgVJWXf9pxkTouuw8Fs8Dr7tREMQECDWSkf2baH2RczKdl&id=100064210711458

Let's reduce Suicide

 သေရတာ.....လွယ်မယ်ထင်တယ် အခုတလော အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း(Suicide )တွေကြားရတော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ် နှမြောတသဖြစ်ရတယ် နောက်ပြီးတော့  ထိုသူတွေ ဘယ်လိုတွေများ ကြုံတွေ့ခံစားခဲ့ရလို့လဲ ဆိုတာ သိချင်မိပြီး သူတို့မသေခင် သေဖို့မကြံစည်မီ သူတို့ရဲ့ရင်ဖွင့်ရာ သူငယ်ချင်းလေးလည်း ဖြစ်ချင်မိတယ် သေရတာ လွယ်မယ်ထင်တယ် မဟုတ်သေးပါဘူး ရှင်သန်ရတာ ခက်ခဲလွန်းလို့လား.... ကိုယ့်ကိုယ်ကို သတ်သေလိုက်ဖို့ထိ ကိုယ့်ဘဝလေးကို ရပ်တန့်ပစ်ရအောင်ထိ ကိုယ့်အသက်ကလေးကို မြတ်နိုးတွယ်တာခြင်းအလျဉ်းမရှိ စွန့်ပယ်ရအောင်ထိ သူတို့ကို... ဘယ်အရာက.ဝမ်းနည်းအားလျော့စေခဲ့သလဲကွယ် သူတို့အစား..မသေပေးနိူင်ပေမယ့် သူတို့နေရာက..မခံစားပေးနိူင်ပါဘူးဆိုရင်တောင် သူတို့အနားက သူတို့စိတ်လိုလက်ရ..ရင်ဖွင့်ရာသူငယ်ချင်းလေး ဖြစ်ပေးချင်လိုက်တာ ဘာတွေများ ဘယ်လောက်ထိ  စိတ်ပျက်အားငယ်သွားရသလဲကွယ် ဘဝတစ်ခုမှာ ကံကောင်းခြင်းဆိုတာကလည်း ဘာတွေဖြစ်ဖြစ် ဘာတွေကြုံကြုံ ကိုယ့်ရဲ့အဆိုးအကောင်း အညစ်အထေးအားလုံးကို စွန့်ထုတ်ခွင့်ပေးတဲ့ သူငယ်ချင်းလေးရှိခြင်းပေါ့။ ကျွန်တော်တို့ဟာ လုံးဝအတိအကျကြီး perfect-man မဖြစ်နိူင်သလို ကျွန်တော်တို့...

Those things happened for you

 ကိုယ့်ကိုယ်ကို ရင့်ကျက်နေပြီ ထင်ခဲ့တာတွေကလည်း အရွယ်တစ်ခု ရောက်ပြန်တော့ ရယ်စရာ၊ပြုံးစရာ ဖြစ်သွားပြန်တာပါပဲ။ သူငယ်ချင်းဆိုတာတွေ အပေါင်းအသင်းတွေ အလုပ်အကိုင်တွေ ဘဝနေမှုတွေ အရာရာ ပြောင်းလဲနေတယ်ဆိုတာ တကယ်မို့ ကျွန်တော်တို့ အချိန်တွေကိုတော့ ဘယ်တော့မှ မကန့်သတ်နိူင်ကြပါဘူး။ အားကျခဲ့ရတာတွေ လေးစားမိတာတွေ ဝါသနာတွေ ဒါတွေဟာ ဘာကြောင့် လုပ်နေမိခဲ့လဲ  သေချာမသိတဲ့ ဆယ်ကျော်သက်အရွယ်၊  ရူးရူးသွပ်သွပ်အခိုက်အတန့်တွေပါပဲ။ ဘာကြောင့် ဖြစ်လာခဲ့လဲ၊ လုပ်နေမိခဲ့လဲ ဆိုတဲ့ အကြောင်းအရင်းကိုလည်း ကျွန်တော်တို့ အပြည့်အဝနားမလည်နိူင်သေးတာလဲ ဖြစ်ကောင်းဖြစ်နိူင်မှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ရှင်သန်ခဲ့ကြရပါတယ်။ ပိုရူးသွပ်ခဲ့သူတွေကလည်း သူတို့လိုချင်တာတွေနဲ့ အမြဲနီးလာခဲ့တာက သူတို့ရဲ့ကြိုးစားမှုရလဒ်တစ်ခုပဲ ဖြစ်နေမှာပါ။ တဖြေးဖြေး အရွယ်ပိုရလာတဲ့အခါ၊ ပို သိမြင်လာချိန်မှာတော့ အရာရာတိုင်းက ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်ခဲ့တာမဟုတ်ဘဲ အရာရာတိုင်းက  ကျွန်တော်တို့အတွက် ဖြစ်လာတာမို့ တနည်းအားဖြင့် ကျွန်တော်တို့ သတ္တိရှိနေရမယ်၊ အမြဲ ရဲဝံ့နေရမယ်လို့ ဆိုလိုလိုက်တာပါပဲ။ #KCM'sdiary June 21 2023

ရွက်စိမ်းကလေး ဖြစ်ချင်တယ်

 🌿ရွက်စိမ်း....ကလေး...ဖြစ်ချင်တယ်🌿 "မင်းမရှိရင်...မဖြစ်ဘူး"လို့ ပင်စည်လေးက သစ်ရွက်ကလေးကို ပြောခဲ့တယ်🌳 သစ်ရွက်ကလေးက "ငါ..မရှိလည်း...မင်း..ပျော်နေနိူင်တာပါပဲ"တဲ့🌿🌿 ဒီလိုပါပဲ ပင်စည်ကလေးက...မေ့သွားမှာ ဒီလိုပါပဲ ရွက်စိမ်းကလေးက...ခွဲခွာသွားအုံးမှာ လူတွေက ကိုယ်ရှင်သန်ဖို့ဆို ဘယ်သူ့ကို...နင်းရ..နင်းရ ဘယ်အရာကို...တွန်းရ..တွန်းရ ရွက်စိမ်းကလေးကတော့... သူ ရှင်သန်နိူင်ဖို့ သူ့ကိုယ်သာသာ ကြွေပစ်လိုက်တာ သူ...ပြန်စိမ်းပြဖို့ သူ့ကိုယ်သူ...သတ်သွားတာ ဒါတင်မဟုတ် နောက်ဆုံးအချိန်ထိ   ကမ္ဘာမြေကို မြေဆီလွှာအဖြစ်  အသုံးဝင်စေခဲ့တာ🍂 ဒီကမ္ဘာမြေမှာ ရွက်စိမ်းကလေးကသာ... သစ်္စာအရှိဆုံး ပင်စည်လေးနဲ့  ပြန်လည်ဆုံတွေ့ဖို့ သူ့ကိုယ်သူ  ကြွေပေးခဲ့တာ သူ့ကိုယ့်သူ  အသစ်တဖန်မွေးဖွားလာခဲ့တာ🌿 ဒီကမ္ဘာမြေမှာ  ရွက်စိမ်းကလေးကသာ... မေတ္တာအထားတတ်ဆုံး ပင်စည်လေးကိုလည်း ချစ်မြတ်နိုးပေးခဲ့သလို ရှင်သန်ရာ...ကမ္ဘာမြေအတွက်လည်း အသက်စွန့်အကျိုးပြုခဲ့🍂 ဒီလိုပါပဲ မင်း...မရှိရင်. မဖြစ်ဘူး..ဆိုတာ "ငါမရှိလည်း  ပျော်နေကြမှာပါ" ဒီလိုပါပဲ ငါ...ရှိနေတုန်းတော့ ငါတို့တွေဟာ  ရွက်စိမ်းများလို ငါတို့ဘဝတွ...

No love but just Love

 မည်သူမဆို စစ်မှန်တဲ့မေတ္တာတရားနဲ့ နေထိုင်နိူင်ပါတယ်။ ကျွန်တော်က ဘယ်ဘုရားမှ မယုံချင်ဘူး မေတ္တာတရားကို ယုံပါတယ် ဆိုတဲ့ လူတစ်ယောက်ကို ဒီလူ ဘာသာတရားမရှိလိုက်တာ၊ ဘုရားတွေကို မလေးမစား ပြောတယ်လို့ ခင်ဗျား မရိုးစွတ်နိူင်ပါဘူး။ ဒါဟာ သူ့ရဲ့သုံးသပ်ချက်ဖြစ်သလို၊ သူ့ရဲ့ယုံကြည်ခြင်းလည်း ဖြစ်နိူင်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ ထိုသူလည်း မည်သူတစ်ဦးတစ်ယောက်ကို မထိခိုက်သ၍ သူ့စိတ်ခံစားချက်ဟာ အမှန်ဖြစ်နိူင်ပါတယ်။ အသက်ရှင်နေထိုင်နေစဉ်အတွင်း ကျွန်တော်တို့အားလုံးဟာ ကြိုးစားရင်း ရုန်းကန်ရင်း အချိန်အများစုကို ကုန်ဆုံးခဲ့ကြရပါတယ်။ ပြီးဆုံးရမယ့်အချိန်တွေထဲ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြတဲ့အခါ စစ်မှန်ဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကို မထိခိုက်စေဘူး၊ မနာကျင်စေဘူး၊ ထိုသူ သွားချင်တဲ့လမ်းကို ပေးသွားသလို၊ လမ်းချင်းတူခဲ့ရင်လည်း အတူလက်တွဲထားကြတာမျိုးဟာ ကျွန်တော်တို့ပတ်ဝန်းကျင်ဟာ အစစ်အမှန်ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်လာပါလိမ့်မယ်။ ဒါဟာလည်း ကောင်းမွန်တဲ့ လူနေမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်း တစ်မျိုးပါ။ လောကကြီးတစ်ခုလုံးက နောက်ကျောကို ဓားနဲ့ထိုးနေရင်တောင်မှ ချစ်သူ (သို့မဟုတ်) မိသားစု၊ တကယ်စစ်မှန်တဲ့တစ်ယော...