Those things happened for you

 ကိုယ့်ကိုယ်ကို ရင့်ကျက်နေပြီ ထင်ခဲ့တာတွေကလည်း

အရွယ်တစ်ခု ရောက်ပြန်တော့ ရယ်စရာ၊ပြုံးစရာ ဖြစ်သွားပြန်တာပါပဲ။


သူငယ်ချင်းဆိုတာတွေ

အပေါင်းအသင်းတွေ

အလုပ်အကိုင်တွေ

ဘဝနေမှုတွေ

အရာရာ ပြောင်းလဲနေတယ်ဆိုတာ တကယ်မို့

ကျွန်တော်တို့ အချိန်တွေကိုတော့ ဘယ်တော့မှ မကန့်သတ်နိူင်ကြပါဘူး။


အားကျခဲ့ရတာတွေ

လေးစားမိတာတွေ

ဝါသနာတွေ

ဒါတွေဟာ ဘာကြောင့် လုပ်နေမိခဲ့လဲ 

သေချာမသိတဲ့ ဆယ်ကျော်သက်အရွယ်၊ 

ရူးရူးသွပ်သွပ်အခိုက်အတန့်တွေပါပဲ။

ဘာကြောင့် ဖြစ်လာခဲ့လဲ၊ လုပ်နေမိခဲ့လဲ ဆိုတဲ့

အကြောင်းအရင်းကိုလည်း

ကျွန်တော်တို့ အပြည့်အဝနားမလည်နိူင်သေးတာလဲ

ဖြစ်ကောင်းဖြစ်နိူင်မှာပါ။

ဒါပေမယ့်လည်း

ကျွန်တော်တို့ ရှင်သန်ခဲ့ကြရပါတယ်။

ပိုရူးသွပ်ခဲ့သူတွေကလည်း

သူတို့လိုချင်တာတွေနဲ့ အမြဲနီးလာခဲ့တာက

သူတို့ရဲ့ကြိုးစားမှုရလဒ်တစ်ခုပဲ ဖြစ်နေမှာပါ။


တဖြေးဖြေး အရွယ်ပိုရလာတဲ့အခါ၊ ပို သိမြင်လာချိန်မှာတော့

အရာရာတိုင်းက ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်ခဲ့တာမဟုတ်ဘဲ

အရာရာတိုင်းက 

ကျွန်တော်တို့အတွက် ဖြစ်လာတာမို့

တနည်းအားဖြင့်

ကျွန်တော်တို့ သတ္တိရှိနေရမယ်၊ အမြဲ ရဲဝံ့နေရမယ်လို့ ဆိုလိုလိုက်တာပါပဲ။

#KCM'sdiary

June 21

2023

Comments