Let's reduce Suicide
သေရတာ.....လွယ်မယ်ထင်တယ် အခုတလော အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း(Suicide )တွေကြားရတော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ် နှမြောတသဖြစ်ရတယ် နောက်ပြီးတော့ ထိုသူတွေ ဘယ်လိုတွေများ ကြုံတွေ့ခံစားခဲ့ရလို့လဲ ဆိုတာ သိချင်မိပြီး သူတို့မသေခင် သေဖို့မကြံစည်မီ သူတို့ရဲ့ရင်ဖွင့်ရာ သူငယ်ချင်းလေးလည်း ဖြစ်ချင်မိတယ် သေရတာ လွယ်မယ်ထင်တယ် မဟုတ်သေးပါဘူး ရှင်သန်ရတာ ခက်ခဲလွန်းလို့လား.... ကိုယ့်ကိုယ်ကို သတ်သေလိုက်ဖို့ထိ ကိုယ့်ဘဝလေးကို ရပ်တန့်ပစ်ရအောင်ထိ ကိုယ့်အသက်ကလေးကို မြတ်နိုးတွယ်တာခြင်းအလျဉ်းမရှိ စွန့်ပယ်ရအောင်ထိ သူတို့ကို... ဘယ်အရာက.ဝမ်းနည်းအားလျော့စေခဲ့သလဲကွယ် သူတို့အစား..မသေပေးနိူင်ပေမယ့် သူတို့နေရာက..မခံစားပေးနိူင်ပါဘူးဆိုရင်တောင် သူတို့အနားက သူတို့စိတ်လိုလက်ရ..ရင်ဖွင့်ရာသူငယ်ချင်းလေး ဖြစ်ပေးချင်လိုက်တာ ဘာတွေများ ဘယ်လောက်ထိ စိတ်ပျက်အားငယ်သွားရသလဲကွယ် ဘဝတစ်ခုမှာ ကံကောင်းခြင်းဆိုတာကလည်း ဘာတွေဖြစ်ဖြစ် ဘာတွေကြုံကြုံ ကိုယ့်ရဲ့အဆိုးအကောင်း အညစ်အထေးအားလုံးကို စွန့်ထုတ်ခွင့်ပေးတဲ့ သူငယ်ချင်းလေးရှိခြင်းပေါ့။ ကျွန်တော်တို့ဟာ လုံးဝအတိအကျကြီး perfect-man မဖြစ်နိူင်သလို ကျွန်တော်တို့...