Let's reduce Suicide

 သေရတာ.....လွယ်မယ်ထင်တယ်


အခုတလော

အခုနောက်ပိုင်း

ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း(Suicide )တွေကြားရတော့ အတော်ကို စိတ်မကောင်းဖြစ်မိတယ်

နှမြောတသဖြစ်ရတယ်

နောက်ပြီးတော့ 

ထိုသူတွေ

ဘယ်လိုတွေများ ကြုံတွေ့ခံစားခဲ့ရလို့လဲ ဆိုတာ သိချင်မိပြီး သူတို့မသေခင် သေဖို့မကြံစည်မီ သူတို့ရဲ့ရင်ဖွင့်ရာ သူငယ်ချင်းလေးလည်း ဖြစ်ချင်မိတယ်


သေရတာ လွယ်မယ်ထင်တယ်

မဟုတ်သေးပါဘူး

ရှင်သန်ရတာ ခက်ခဲလွန်းလို့လား....

ကိုယ့်ကိုယ်ကို သတ်သေလိုက်ဖို့ထိ

ကိုယ့်ဘဝလေးကို ရပ်တန့်ပစ်ရအောင်ထိ

ကိုယ့်အသက်ကလေးကို မြတ်နိုးတွယ်တာခြင်းအလျဉ်းမရှိ စွန့်ပယ်ရအောင်ထိ


သူတို့ကို...

ဘယ်အရာက.ဝမ်းနည်းအားလျော့စေခဲ့သလဲကွယ်

သူတို့အစား..မသေပေးနိူင်ပေမယ့်

သူတို့နေရာက..မခံစားပေးနိူင်ပါဘူးဆိုရင်တောင်

သူတို့အနားက သူတို့စိတ်လိုလက်ရ..ရင်ဖွင့်ရာသူငယ်ချင်းလေး ဖြစ်ပေးချင်လိုက်တာ


ဘာတွေများ

ဘယ်လောက်ထိ 

စိတ်ပျက်အားငယ်သွားရသလဲကွယ်


ဘဝတစ်ခုမှာ ကံကောင်းခြင်းဆိုတာကလည်း

ဘာတွေဖြစ်ဖြစ်

ဘာတွေကြုံကြုံ

ကိုယ့်ရဲ့အဆိုးအကောင်း အညစ်အထေးအားလုံးကို

စွန့်ထုတ်ခွင့်ပေးတဲ့ သူငယ်ချင်းလေးရှိခြင်းပေါ့။

ကျွန်တော်တို့ဟာ လုံးဝအတိအကျကြီး perfect-man မဖြစ်နိူင်သလို

ကျွန်တော်တို့...ဘယ်သူ့ကိုမှလည်း အလုံးစုံမကူညီပေးနိူင်ကြပါဘူး...


ဒါပေမယ့်

ကျွန်တော်တို့အနားမှာ ရှိနေတဲ့လူအချို့အတွက်

တစ်ခုလေးတော့ ကျွန်တော်တို့ ကြိုးစားကူညီပေးကြရအောင်....

#နားထောင်ပေးခြင်း#အလုပ်ပါ

လူတစ်ယောက်ဟာ...သူ့ရဲ့အကြောင်း

ပျော်နေတဲ့အကြောင်းထက် မပျော်ရခြင်း စိတ်ဒုက်္ခအခက်အခဲကို ခင်ဗျားဆီမှာများ ရင်ဖွင့်ကြေကွဲလာရင်

ဘာမှ..ပြန်ပြီး အကြံပြုချက်မပေးနိူင်ဘူးဆိုရင်တောင်

ဖွင့်ဟလာတဲ့

သူ့ရဲ့စိတ်ခံစားမှု 

သူ့ရဲ့မွန်းကြပ်မှု

သူ့ရဲ့မနေပျော်ခြင်းတွေကို

မငြင်းပယ်ဘဲ နားထောင်ပေးကြရအောင်


ဟောဒီခန်္ဓါမှာ အမျိုးအစားခွဲလိုက်ရင်

ရုပ်_နာမ်နှစ်ပါးပဲ ရှိပါတယ်

ရုပ်-ကိုယ်ကျန်းမာဖို့က အဓိကလို့ ထင်ရပေမယ့်

နာမ်-စိတ်ကျန်းမာဖို့က အရေးကြီးနေခဲ့တာပါ

နိုင်ငံတကာမှာ....

ကျန်းမာရေးဌာနလက်အောက်ခံ

စိတ်ပညာဆိုင်ရာ ဆွေးနွေးအကြံပြုဆရာဝန်တွေ သီးသန့်ရှိကြပေမယ့်

ကျွန်တော်တို့နိူင်ငံမှာကျ...

တစ်ယောက်ယောက်ကများ.စိတ်ကျန်းမာရေးဆရာဝန် ပြနေရတယ်ဆိုရင် ကြည့်တဲ့အကြည့်လေးတွေကိုက မတူသလို ကွဲပြားနေသလို သူလည်း စိတ်မကျန်းမာ စိတ်မပျော်ရွှင် စိတ်မညစ်ဖူးသယောင်နဲ့ပေါ့။

ဒါတွေကြောင့် ကျွန်တော်တို့ဟာ တစ်ဦးအခက်အခဲ(ကာယကံရှင်ကိုယ်တိုင် ဖွင့်ထုတ်လာတဲ့ အကြောင်းအရာ) ကို တစ်ဦးက

 အချင်းချင်း စာနာနားလည်ပေးသင့်ကြရတာပါ


သူ့အကြောင်းပဲ ငါတို့က အရေးလုပ်နေရမှာလား..

ငါတို့လည်း ကိုယ့်အခက်အခဲနဲ့ကို ရှိကြတာပဲလို့ ပြောလိုက်နိူင်ပေမယ့်

(အမှန်တကယ် ကိုယ်တိုင်လည်း ခက်ခဲနေပေမယ့်)

ဒီလိုပဲ ကျွန်တော်တို့အားလုံးဟာ...ရှိနေတဲ့အခိုက်အတန့်လေးမှာပဲ အပြန်အလှန်ဖေးမနေထိုင်သင့်တယ်မလား...

စကားလေးတွေ ချိုသာဖို့

အရမ်းကြီးများ ခက်ခဲလို့လား

စာနာနားလည်ပေးဖို့

အရမ်းကြီးများ စွန့်စားရလို့လား

ဘာမှ မကူညီပေးနိူင်ပါဘူးဆိုရင်တောင်

ငြိမ်ငြိမ်လေးပဲ နားထောင်ပေးရအောင်

အပြစ်အနာအဆာကိုပဲ မဝေဖန်ဘဲ

စိတ်ဒဏ်ရာကိုပဲ မတူးဆွမဖန်တီးစေဘဲ

ငြိမ်ငြိမ်လေးပဲ နားထောင်ဝေမျှခြင်းဖြင့်

ကျွန်တော်တို့ အတူတူရှင်သန်ကြရအောင်

လွယ်လွယ်ရတဲ့ ဘဝမှမဟုတ်ပါဘဲ

အလွယ်ကလေး ဘဝတစ်ခုကို အရှုံးမပေးကြပါနဲ့လား


ကျွန်တော်တို့အားလုံးဟာ အတူတူပါပဲ

ကျွန်တော်တို့ အတူတူရှင်သန်ကြရအောင်ပါနော်


#KCM'sdiary

June 28

2020

Comments

Popular posts from this blog

ဤတော်လှန်ရေးအလွန်

Those things happened for you

လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း