No love but just Love
မည်သူမဆို စစ်မှန်တဲ့မေတ္တာတရားနဲ့ နေထိုင်နိူင်ပါတယ်။
ကျွန်တော်က ဘယ်ဘုရားမှ မယုံချင်ဘူး
မေတ္တာတရားကို ယုံပါတယ် ဆိုတဲ့ လူတစ်ယောက်ကို ဒီလူ ဘာသာတရားမရှိလိုက်တာ၊ ဘုရားတွေကို မလေးမစား ပြောတယ်လို့ ခင်ဗျား မရိုးစွတ်နိူင်ပါဘူး။
ဒါဟာ သူ့ရဲ့သုံးသပ်ချက်ဖြစ်သလို၊ သူ့ရဲ့ယုံကြည်ခြင်းလည်း ဖြစ်နိူင်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ နေရာမှာ ထိုသူလည်း မည်သူတစ်ဦးတစ်ယောက်ကို မထိခိုက်သ၍ သူ့စိတ်ခံစားချက်ဟာ အမှန်ဖြစ်နိူင်ပါတယ်။
အသက်ရှင်နေထိုင်နေစဉ်အတွင်း ကျွန်တော်တို့အားလုံးဟာ ကြိုးစားရင်း ရုန်းကန်ရင်း အချိန်အများစုကို ကုန်ဆုံးခဲ့ကြရပါတယ်။ ပြီးဆုံးရမယ့်အချိန်တွေထဲ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမကြတဲ့အခါ စစ်မှန်ဖို့ လိုပါတယ်။ တစ်ယောက်ယောက်ကို မထိခိုက်စေဘူး၊ မနာကျင်စေဘူး၊ ထိုသူ သွားချင်တဲ့လမ်းကို ပေးသွားသလို၊ လမ်းချင်းတူခဲ့ရင်လည်း အတူလက်တွဲထားကြတာမျိုးဟာ ကျွန်တော်တို့ပတ်ဝန်းကျင်ဟာ အစစ်အမှန်ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်လာပါလိမ့်မယ်။ ဒါဟာလည်း ကောင်းမွန်တဲ့ လူနေမှုအသိုင်းအဝိုင်းတည်ဆောက်ခြင်း တစ်မျိုးပါ။
လောကကြီးတစ်ခုလုံးက နောက်ကျောကို ဓားနဲ့ထိုးနေရင်တောင်မှ ချစ်သူ (သို့မဟုတ်) မိသားစု၊ တကယ်စစ်မှန်တဲ့တစ်ယောက်ယောက်ကသာ ဘေးမှာရှိနေရင် လူဆိုတာ လဲကျမသွားပါဘူး။
ဒါဟာ ဇာတ်လမ်းတစ်ခုရဲ့ Dialogueတစ်ခုဖြစ်ပါတယ်။ တကယ်လည်း အမှန်တရား ဖြစ်ပါတယ်။
🛑 No love but just Love 🛑
ချစ်နေရဖို့မဟုတ်ဘူး၊ ချစ်ခြင်းမေတ္တာတစ်ခုပဲ လိုပါတယ်။
သင်က အရင်ပေးလိုက်ရဖို့လည်း ဝန်မလေးပါနဲ့
သင့်ကို ပြန်ပေးလာမယ့်သူဟာ ရှိကိုရှိနေပါတယ်။
#KCM'sdiary
June 12
2023
Comments
Post a Comment