ရွက်စိမ်းကလေး ဖြစ်ချင်တယ်
🌿ရွက်စိမ်း....ကလေး...ဖြစ်ချင်တယ်🌿
"မင်းမရှိရင်...မဖြစ်ဘူး"လို့
ပင်စည်လေးက သစ်ရွက်ကလေးကို ပြောခဲ့တယ်🌳
သစ်ရွက်ကလေးက
"ငါ..မရှိလည်း...မင်း..ပျော်နေနိူင်တာပါပဲ"တဲ့🌿🌿
ဒီလိုပါပဲ
ပင်စည်ကလေးက...မေ့သွားမှာ
ဒီလိုပါပဲ
ရွက်စိမ်းကလေးက...ခွဲခွာသွားအုံးမှာ
လူတွေက ကိုယ်ရှင်သန်ဖို့ဆို
ဘယ်သူ့ကို...နင်းရ..နင်းရ
ဘယ်အရာကို...တွန်းရ..တွန်းရ
ရွက်စိမ်းကလေးကတော့...
သူ ရှင်သန်နိူင်ဖို့
သူ့ကိုယ်သာသာ ကြွေပစ်လိုက်တာ
သူ...ပြန်စိမ်းပြဖို့
သူ့ကိုယ်သူ...သတ်သွားတာ
ဒါတင်မဟုတ်
နောက်ဆုံးအချိန်ထိ
ကမ္ဘာမြေကို မြေဆီလွှာအဖြစ် အသုံးဝင်စေခဲ့တာ🍂
ဒီကမ္ဘာမြေမှာ ရွက်စိမ်းကလေးကသာ...
သစ်္စာအရှိဆုံး
ပင်စည်လေးနဲ့ ပြန်လည်ဆုံတွေ့ဖို့
သူ့ကိုယ်သူ ကြွေပေးခဲ့တာ
သူ့ကိုယ့်သူ အသစ်တဖန်မွေးဖွားလာခဲ့တာ🌿
ဒီကမ္ဘာမြေမှာ ရွက်စိမ်းကလေးကသာ...
မေတ္တာအထားတတ်ဆုံး
ပင်စည်လေးကိုလည်း ချစ်မြတ်နိုးပေးခဲ့သလို
ရှင်သန်ရာ...ကမ္ဘာမြေအတွက်လည်း
အသက်စွန့်အကျိုးပြုခဲ့🍂
ဒီလိုပါပဲ
မင်း...မရှိရင်. မဖြစ်ဘူး..ဆိုတာ
"ငါမရှိလည်း ပျော်နေကြမှာပါ"
ဒီလိုပါပဲ
ငါ...ရှိနေတုန်းတော့
ငါတို့တွေဟာ ရွက်စိမ်းများလို
ငါတို့ဘဝတွေဟာ. နေပျော်သလိုနေကြရင်း
ရွက်စိမ်းကလေးက ခွဲခွာသွားအုံးမှာ။🍂🍂
#KCM'sdiary
June 20
2020
Comments
Post a Comment