ချစ်ရပါသော ၃

 ချစ်ရပါသော......၃


အမျိုးသားတွေဟာ....

အရက်ဘီယာနဲ့ မကင်းနိူင်ကြတာလား...

တမင်...မကင်းချင်ကြတာလား....

ဪ...ခက်ပါလား.....

အောင် ကလည်း အမျိုးသားတစ်ယောက်ပါပဲလေ၊


ဒီနေ့က....စနေနေ့မို့

အောင်နဲ့..ပြန်ဆုံရပြန်ပြီ

ဘာလို့ဆို

ကျွန်မတို့က ယဥ်ကျေးမှုအနုပညာကျောင်းမှာ

Sat-Sun အချိန်ပိုင်း ပန်းချီသင်တန်းတက်နေကြတာကြောင့်ပါ၊

အဲ့ဒီတော့...အပတ်တိုင်း အောင်နဲ့တွေ့ဖို့အခွင့်အရေးဟာ..ဘုရားဖူးရင်း လိပ်ဥတူးသလို.အလိုလို ပေါ့လေ၊

အတန်းချိန် ၃ နာရီပြီးရင် ဖြစ်ဖြစ် ၊

အတန်းချိန် မစခင်ဖြစ်ဖြစ်

အောင်နဲ့ကျွန်မဟာ..ထွေရာလေးပါးဆိုရမလား...

ဟိုရောက်ဒီရောက်နဲ့ စကားတွေ ဖောင်ဖွဲ့ဖြစ်ကြတယ်၊

အဲ့ဒီနေ့က ကျွန်မက အရင် စ မေးလိုက်တယ်၊


"အောင်တို့ ယောကျာ်းကလေးတွေဟာ ဘာလို့အရက်သောက်ကြတာလဲ"


အောင်ကတော့ အောင့်အကျင့်အတိုင်း ပြုံးရယ်နေပြန်ပြီ၊(ကျွန်မမှာတော့ အူယားအသဲယား သဘောကျနေရတယ်)

"သောက်ချင်ကြလို့ရယ်တော့ မဟုတ်ပါဘူး ညီမရယ်၊အကြောင်းအမျိုးမျိုးပေါ့၊တချို့ကတော့..အရွယ်ရောက်စ စမ်းသပ်ကြတယ်၊နောက်ပြီး စွဲသွားကြတယ်၊တချို့ကကျ ပျော်ပွဲရွှင်ပွဲတွေ၊မိတ်ဆုံစားပွဲနဲ့အောင်ပွဲခံ ပွဲမျိုးမှာ ဆိုရှယ်ကျကျ မိတ်ဖြစ်ဆွေဖြစ်ပေါ့၊ တချို့ကတော့...ပတ်ဝန်းကျင်အပေါင်းအသင်းက သောက်ဖို့တွန်းအားဖြစ်စေတာကြောင့်ပေါ့၊တစ်ခါတ​လေကျ စိတ်အပန်းဖြေ အပျော်သက်သက်ပါပဲ၊


"ဟင်..ဘယ်လိုမျိုးလဲ အောင်ရဲ့၊စိတ်အပန်းဖြေဆိုတာက"

"ဪ...ဒီလိုပါ

မိန်းကလေးတွေက အချဥ်အစပ်တွေ့ကရာ...သရေစာ စားတတ်ကြသလိုမျိုး..အောင်တို့လည်း စိတ်လိုလက်ရ သရေစာလိုလို ဘာရယ်မဟုတ် သောက်မိတာကို ပြောတာပါ၊"


"အင်း...ဟုတ်ပါတယ်လေ...တချို့မိန်းကလေးတွေတောင် ဘာရယ်မဟုတ် ဖျော်ရည်လိုမျိုး သောက်ကြတာပါပဲ"


"ဒါနဲ့ အောင်ရော..ဘယ်နှခါသောက်ဖူးလဲ၊မညာကြေးနော်"လို့ မဆီမဆိုင် အတွန့်တက်မေးမိပါလေရော၊ စိတ်ထဲကတော့ ကိုယ်ဟာ အောင့်ရဲ့အသေးအမွှားလေးကအစ ပါဝင်စပ်စုချင်နေတာကို အောင် မရိပ်မိပါစေနဲ့ပဲ ဆုတောင်းမိရဲ့၊


"အင်း...ကျွန်တော် အမှန်အတိုင်းပြောရရင် တက္ကသိုလ် ဒုတိယနှစ်မှာ စ စမ်းသောက်ဖူးတယ်၊Spy..ပြင်းပြင်းလေးပေါ့၊ခုတော့..တစ်ယောက်တည်းဆို မသောက်ဖြစ်ပါဘူး၊ငယ်ပေါင်းမိတ်ဆွေတွေနဲ့ တစ်ခါတလေ တွေ့ရရင် သောက်မိတယ်၊မှတ်မှတ်ရရ ကျွန်တော့်သူငယ်ချင်းတစ်ယောက် အသည်းအသန်အသဲကွဲတုန်းက သူ့ကို အားပေးရင်း ကျွန်တော်တို့အားလုံး ဝိုင်းကူသောက်လိုက်ကြတာ...မိုးလင်းအထိ မထနိူင်ကြဘူးလေ...အများဆုံးကတော့...ဘီယာဘူးလေးတွေ သောက်ကြတာပါပဲ၊"


အောင့်ရဲ့ဖြေရှင်းချက်လေးတွေကို နားထောင်ရင်း ကျွန်မ.. မသိစိတ်က စကားအချို့ ထွက်ချမိသွားတယ်၊


"အမှန်တိုင်းပြောရရင် အမောင်ကလေ...

မိန်းကလေးပေမယ့် အဲ့လိုလေးတွေ တစ်ခါလောက် သောက်ဖူးကြည့်ချင်တယ်" လို့ပေါ့


ဝမ်းသာစရာပဲ...အောင့်ဘက်က ရုပ်တည်ကြီးနဲ်

ရုတ်တရက် ပြောလိုက်တယ်၊


"အာ

..မသောက်ပါနဲ့၊ဒါမျိုးတွေက မစမ်းလေကောင်းလေပဲ..."တဲ့။


ကျွန်မ...ကျေနပ်နေမိတယ်..တိတ်တိတ်ကလေးပါပဲ...ကျွန်မအတွေးလေးနဲ့ကျွန်မ...ဒီလိုဆို မဆိုးပါဘူးလေ...ခွင့်လွှတ်ပေးလို့ရတယ် ဘာညာပေါ့၊တကယ်ပါပဲ...

အောင်ရေ...ကျွန်မတော့ ရူးနေပြီထင်ပါတယ်

အောင်ရဲ့အရာရာကို ကျွန်မ ပိုင်ချင်တယ်

အောင် ပြုမူသမျှ သိပ်ကြည့်ကောင်းတယ်၊

အမြဲ အကြောင်းအကျိုးဆီလျှော်နေတယ်၊

ခုလည်း...အောင်က တစ်ခါတလေ ဘီယာလေး သောက်ဖူးတာကို ကျွန်မက သဘောကျနေတယ်လေ၊

အေးပေါ့...

ယောကျာ်းလေးပဲလေ

ဒါလောက်ကတော့...

အောင် လုပ်ဖူးသင့်ပါတယ်လေ၊

အရက်တွေကို မူးရူးနေအောင်ထိ

မိသားစုအပေါ်....ပေါ့လျော့မိအောင်ထိလည်း

အောင်ဟာ...အကျင့်ပျက်ပြားတတ်မယ့် စရိုက်မျိုးမှ မဟုတ်တာ။

ကျွနမ ယုံကြည်တယ်

အောင်ဟာ...

အခြားသူကိုလည်း တန်ဖိုးထားတတ်သလို

သူ့ကိုယ်သူလည်း ဖျက်ဆီးမယ့် လူသားမဟုတ်ဘူးလို့ပေါ့။


#လင်းခက်ညို

Oct 29

2020

Comments

Popular posts from this blog

ဤတော်လှန်ရေးအလွန်

Those things happened for you

လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း