အချိန်တွေဟာ တိမ်တွေလို

 💙အချိန်တွေက တိမ်တွေလိုပဲ💙



အချိန်တွေက အိုမင်းလွယ်လိုက်တာ 

ဂျစ်ပစီလိုကောင်လေးတစ်ယောက်ကနေ 

အတော်အတန်ရင့်ကျက်လာပြီဖြစ်တဲ့ကောင်လေးတစ်ယောက် 

အငိုလွယ်တဲ့ကောင်မလေးကနေ 

အပြုံးလှတဲ့ကောင်မလေးတစ်ယောက် 


ရင့်ကျက်ပြီထင်ပါတယ် 

အရာရာဟာ ချစ်တဲ့မျက်စိနဲ့မြင်တတ်ပြီ

ရင့်ကျက်ပြီထင်ပါတယ် 

အရာရာကို နားလည်တတ်ခဲ့ပြီ 

ရင့်ကျက်ပြီထင်ပါတယ် 

အရာရာဟာ ဒီလိုနည်းအတိုင်းလေးပဲ 


ရင့်ကျက်ပြီထင်ပါတယ်

ပျော်ရွှင်ခြင်းလည်း ရှာတတ်ပြီ

ငြိမ်းအေးခြင်းလည်း ဆောင်တတ်ပြီ

ရင့်ကျက်ပြီထင်ပါတယ် 

အစားအသောက်လည်း မရွေးတော့ဘူး 

ရင့်ကျက်ပြီထင်ပါတယ်

သူငယ်ချင်းနဲ့လည်း စိတ်မဆိုးတတ်တော့ဘူး

ရင့်ကျက်ပြီထင်ပါတယ်

အပေါင်းအသင်း  မရှာတော့ဘူး

ရင့်ကျက်ပြီထင်ပါတယ်

စိတ်လေပြီး ပေါက်ကရ လျှောက်မလုပ်တော့ဘူး 

ရင့်ကျက်ပြီထင်ပါတယ်

အပေါ်ယံအရေပြားအယောင်ဆောင်တွေ မကြိူက်တတ်တော့ဘူး

ရင့်ကျက်ပြီထင်ပါတယ်

ဟန်ဆောင်အတုအယောင်တွေ မြင်တတ်ပြီ

ရင့်ကျက်လာပြီထင်ပါတယ်

လျစ်လျူရှု့စရာတွေလည်း လုပ်တတ်ပြီ

ရင့်ကျက်လာပြီထင်ပါတယ်

စကားတွေ ပိုနည်းလာတယ်

ရင့်ကျက်လာပြီထင်ပါတယ်

နှောင်ဖွဲ့တာတွေ ချည်နှောင်တာတွေ မကြိုက်တော့ဘူး

ရင့်ကျက်လာပြီထင်ပါတယ်

ဒေါသလိုမျိုးအပူတွေ ပိုပိုဝေးလာတယ်

ရင့်ကျက်ပြီထင်ပါတယ်

စိတ်သဘောထားလေးတွေကို ချစ်လာတယ်

ရင့်ကျက်ပြီထင်ပါတယ်

အရင်လို ခေါင်းငုံ့မနေတော့ဘူး

ရင့်ကျက်ပြီထင်ပါတယ်

ကမ်းတင်လက်နဲ့ တွန်းဖယ်လက် ခွဲခြားတတ်ပြီ

ရင့်ကျက်ပြီထင်ပါတယ်

ဖြစ်သင့်တာဟာ ပိုကောင်းဖို့အတွက်ဆိုတာ သိလာပြီ

ရင့်ကျက်ပြီထင်ပါတယ်

ကြာလေကြာလေ

တိမ်တွေလိုပဲ ဖြူစင်ချင်လာတယ်

ရင့်ကျက်လာပြီထင်ပါတယ်

ကိုယ့်ဘေးနားကလူတွေပျော်နေတာက

ကိုယ့်ကို ပိုပျော်စေလာတယ်ဆိုတာ


ရင့်ကျက်လာပြီထင်ပါတယ်

အချိန်တွေဟာ တိမ်တွေလိုပဲ

ပြောင်းလဲနိူင်တယ်ဆိုတာ

သိလာတယ်✌


# KCM'sdiary💟

Comments

Popular posts from this blog

ဤတော်လှန်ရေးအလွန်

Those things happened for you

လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း