ညီမလေး....သို့၇
ညီမလေးသို့……… ၇
ညီမလေးရေ တစ်ခါတလေ
တစ်ခါတရံ
နေရတာ အဓိပ္ပာယ်မဲ့နေသလိုလိုပေါ့
မျက်နှာသစ်ဖို့ သွားတိုက်တံကို ကိုင်မိတာမျိုး
ငိုချင်လျက်နဲ့ ရယ်ပစ်လိုက်တာမျိုး
ဗိုက်မဆာဘဲနဲ့လည်း စားစရာကိုပဲ ရှာနေမိတာမျိုး
တစ်နေရာရာကိုပဲ ပြေးထွက်သွားချင်တာမျိုး
တစ်ယောက်ယောက်ကိုပဲ ဒေါသဖြစ်နေသလိုမျိုး
တကယ် ကိုယ့်ကိုယ်ကို
ဘာဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေတာမျိုး
အဲ့ဒီလိုမျိုး ပေါ့
ဒါပေမယ့်လည်း နေတတ်အောင် နေရတာပါပဲ
မမတို့က ပုထုဇဉ်တွေတဲ့
အလိုမကျခြင်းတွေနဲ့တွေဝေခြင်းတွေကို မရှောင်နိူင်သေးဘူးတဲ့
ဘာပဲဖြစ်ဖြစ်ပါလေ
ကိုယ့်အစီအစဉ်နဲ့ကို
ကိုယ့်စိတ်ကို ထိန်းညှိပြီး
ဆက်လျှောက်ရဦးမှာပါပဲ
ဒီနေ့တွေအတွက် ကျေကျေနပ်နပ်ကြီး ဖြစ်နေအောင်
ကိုယ့်လုပ်ရပ်တိုင်းအတွက် နောင် မတ မိအောင်
အမှားတွေဟာ အမြဲ မမှားနိူင်ကြောင်း
အမှန်တွေမှာလည်း အမှားရှိတတ်ကြောင်း
သင်ယူ ဆင်ခြင်တတ်ရမယ်
တစ်ယောက်တည်း နေရင်း ငြီးငွေ့လာကောင်း လာလိမ့်မယ် အဲ့ဒီတော့
သူငယ်ချင်းအပေါင်းအသင်း
အစုအဖွဲ့ အသင်းအဖွဲ့တွေနဲ့ နေတတ်ထိုင်တတ်အောင်လည်း လိုအပ်နေပြန်တယ်
အများနဲ့ နေရတာ ဖြစ်တဲ့အတွက်
ကိုယ့်သဘောဟာ
အဓိက မကျတော့ဘူးဆိုတာ သိထားပါ
အများသဘောအတိုင်း လုပ်ဆောင်နေဖို့ထိလည်း
မဟုတ်ဘူးဆိုတာ သိထားပါ
အလိုက်သင့်လေး water follow fish follow
သက်တောင့်သက်သာလေး စီးမျောတတ်ဖို့ပါပဲ
သက်တောင့်သက်သာဆိုတာ ရေသာခိုဖို့ မဟုတ်ဘူးနော်
ဘာပဲဖြစ်ဖြစ် ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာပါပဲ
ပတ်ဝန်းကျင်တိုင်းက မကောင်းဘူး ညီမလေး
ကောင်းတဲ့ပတ်ဝန်းကျင်တိုင်းကလည်း ခေါင်းစဉ်တပ်မထားဘူး
ညီမလေး နားလည်အောင် ပြောရရင်
"ဤရပ်ကွက် ပတ်ဝန်းကျင်သည် လူကောင်း လူတော်များသာ နေထိုင်သည်" လို့ ဘယ်တုန်းကမှ ခေါင်းစဉ်တပ် မထားဖူးလို့ပဲ။
ကိုယ်တိုင် ရွေးချယ်ရလိမ့်မယ်
ကိုယ်တိုင် ဆုံးဖြတ်ရလိမ့်မယ်
အရာရာဟာ ကိုယ်တိုင်/ညီမလေးကိုယ်တိုင်ပါပဲ
အောင်မြင်ချင်ရင် ကြိုးစားရမယ်
ဖြစ်မြောက်ချင်ရင် အားထုတ်ရမယ်
ဒါ သဘာဝပဲ ညီမလေး
ဒါ သဘာဝပဲ။
ပျော်ရွှင်ချင်တယ် ဆိုရင်တော့
ညီမလေးကိုယ်တိုင် ပြုံးဖြစ်ခဲ့တဲ့ အရာတွေကိုပဲ လုပ်ပါ
ညီမလေးကို ပျော်စေချင်တဲ့ လူတွေရဲ့စကားကို အာရုံစိုက်ပါ
ညီမလေး ဘဝမှာ ပျော်လိုက်တာဟာ လို့ ဖွင့်ထုတ်မိတဲ့အထိ ဖြစ်ခဲ့ဖူးတဲ့အချိန်တွေဆီကိုပဲ ထပ်သွားပါ
နောက်ပြီး တစ်ယောက်ယောက်အတွက် ဘယ်တော့မှ အချိန်ကုန် မခံပါနဲ့
ညီမလေးအတွက်
မသေချာ မရေရာ အတွေးစတွေနဲ့ ရောက်ရောက် လာတတ်တဲ့လူပေါ့
သေချာတာကတော့
လုံးဝကို မသေချာဘူး ဆိုတာပဲ
ရိုးရိုးသားသားနေပါ
ကိုယ့်ကိုယ်ကို ဂရုတစိုက်နေပါ
အချိန်ဟာ သေချာတဲ့အဖြေတစ်ခုကို ဖြစ်စေမှာပါ
တစ်ခါတလေ တစ်ခါတရံအတွက် အချိန်မဖြုန်းမိပါစေနဲ့
ညီမလေးအတွက် လှပတဲ့ နေ့သစ်တွေ ဖန်တီးဖို့
အချိန်တွေကို ကောင်းကောင်း အသုံးချပါ
စားချိန်တန် စား
ရေချိုးချိန်တန် ရေချိုး
အိပ်ချိန်တန် အိပ်
စာကြည့်ချိန်တန် စာကြည့်ပေါ့ကွယ်။
လှပတဲ့နေ့ရက်တွေ ပိုင်ဆိုင်နိူင်ပါစေ………နော်
ချစ်ရတဲ့ မမ 😍😘
KCM'SDIARY
2018
Oct18
Comments
Post a Comment