ချစ်ရပါသော....

 ချစ်ရပါသော.....

မိန်းကလေးတွေဟာ...စိတ်ကူးယဥ်တတ်ကြလွန်းတယ်...

အချို့မိန်းကလေးတွေဟာ

သူ့ချစ်သူကို ဘယ်လိုနာမည်လေးခေါ်မယ်က အစ

မိသားစုတစ်ခုဖြစ်လာရင် ဘယ်လိုပြုစုမယ်အဆုံး

သူမတို့ရဲ့စိတ်ထဲမှာ အစီအစဉ်ချထားတဲ့အထိပါပဲ

ကျွန်မလည်း...ဒီလိုပါပဲ

ကျွန်မချစ်သူကို...

ကျွန်မတစ်ဦးတည်းကပဲ

အောင်...ဆိုတဲ့နာမည်လေး ပေးထားမိတယ်

သူ့နာမည်က အောင်

ချစ်ရပါသော ကောင်ကလေးနာမည်က အောင်။


မှတ်မှတ်ရရ...အဲ့ဒီနေ့က ဒီဇင်ဘာလ ၂၃ရက်ပေါ့

အောင်..ဆိုသော အေးစက်စက်ကောင်လေးနဲ့ စတွေ့ရတာ၊

လူတစ်ယောက်ကို ချစ်မိရင် ဘယ်လိုခံစားချက်မျိုးလဲ ကျွန်မ မသိတတ်ပေမယ့်

အောင့်ကို တွေ့ရတုန်းက

အောင်ဟာ သိပ်ချစ်ဖို့ကောင်းတာကိုတော့ သတိပြုမိခဲ့တယ်

တည်တည်တံ့တံ့မျက်နှာမျိုးနဲ့ အောင်ဟာ ဆွဲဆောင်တယ်

အေးစက်စက်အပြုံးလေးနဲ့ အောင်ဟာ ရင်ခုန်အောင် လုပ်တယ်

မသိစိတ်ကို ကျော်လွန်ပြီး.

အသိစိတ်ထဲထိ ကျွန်မနှလုံးသားနေရာမှာ အပိုင်စိုးစေခဲ့တယ်

အောင် သာလျှင် ကျွန်မချစ်သူ

အောင် တစ်ဦးတည်းကိုသာလျှင် ကျွန်မ လက်ထပ်ချင်မိတဲ့သူ.....


ဝါသနာတူလို့ သတိထားမိတာလား....

အိပ်မက်တွေ တူလို့ မျှော်လင့်မိတာလား

မိန်းကလေးတစ်ယောက်ဟာ အချစ်ကို အစပျိုးတတ်ခဲ့ပြီ

အောင် ကတော့ သိပုံမပေါ်သေးပေမယ့်

ကျွန်မကလည်း ဟန်ဆောင်ကောင်းနေတုန်း

ကျွန်မရှေ့ကို အောင် ရောက်လာတယ်

"  ကျွန်တော့်နာမည်က..အောင်...ပါ၊ညီမက ဘယ်ကနေ ကျောင်းလာတက်တာလဲ.."တဲ့

ကျွန်မ ရုတ်တရက် မဖြေမိခဲ့ဘူး၊နောက်မှ သတိဝင်လာတယ်

"ဟုတ် စစ်ကိုင်းတိုင်းက လာခဲ့တာ"မဝင့်မရဲဖြေမိပေမယ့် အောင်က ရယ်နေတယ်၊

"ကျွန်တော်လည်း စစ်ကိုင်းတိုင်းကပါပဲတဲ့"


အဲ့ဒီ နေ့မှာပဲ

ကျွန်မ ယုံကြည်ထားတဲ့ရေစက်ကလေးကို ကျွန်မမြင်ခဲ့ရတာပဲ

တကာ်ပါ ရေစက်ဆိုတာ ကြိုတင်ကြံစည်ထားတာမှမဟုတ်ကြဘဲလေ...

ခုဆို..စစ်ကိုင်းတိုင်းမှာပဲ နေရင် သိကြမှာမဟုတ်ဘဲ

ရန်ကုန်တိုင်းရောက်မှ တကူးတကလာဆုံကြတာမလား.....

သေချာပြီလို့ ယုံကြည်မိပေမယ့် ကံကြမ္မာကိုတော့ ကျွန်မ အပြည့်အဝမယုံရဲဘူးလေ....

ဖြေးဖြေးပေါ့...ရေစက်ကလေးရေ..

နောက်နေ့..နောက်နေ့

ထပ်ဆုံတယ်

ထပ်ပြုံးတယ်

အပြုံးတွေဟာ..လေနုအေးနဲ့အတူ လတ်ဆတ်နေတာကိုလည်း ကျွန်မ သတိထားမိတယ်....


တစ်ရက်ပြီးတစ်ရက်

တစ်နေ့ပြီးတစ်နေ့

ဝါသနာတူတွေမို့

ကိုယ်နဲ့သူနဲ့ စကားတွေ ပိုပြောမိကြတယ်

တစ်လပြည့်တဲ့နေ့မှာတော့

အောင်ဟာ...ပိုလှတဲ့အပြုံးလေးနဲ့ ပြုံးပြနေတယ်

ဘာကြောင့်ရယ်မသိ ကျွန်မက အလိုလိုနေရင်း ရှက်နေတယ်၊နောက်ပြီး...အောင့်မှာ ချစ်ရသူမရှိသေးဘူးဆိုတဲ့အကြောင်းကို စကားစချည်နေပြီ....မသိဘူး ကျွန်မ ရှက်ပြုံး ပြုံးပြမိလိုက်တယ် ထင်တယ်၊စိတ်ထဲကတော့ ကျွန်မလည်း အောင်နဲ့ထပ်တူပါပဲလို့ ဖြေနေမိတယ်

အောင်ရေ....

နေကြာတွေဟာ

နေမင်းနဲ့အပြိုင် ပွင့်လန်းကြကုန်ပြီ....။


အောင် က

တစ်ယောက်တည်း 

သီချင်းနားထောင်ရတာ သိပ်ကြိုက်တယ်တဲ့

ဪ....အောင်ရယ်

ကျွန်မအကြိုက် လိုက်ပြောနေသလား အောက်မေ့ရတယ် အောင်ဟာ ကျွန်မနဲ့သိပ်တူတာပဲကွယ်။


ဆက်ရန်....ရှိသည် 

အားပေးနေအုံးမည်ဆိုရင်ပေါ့😁


#လင်းခက်ညို

Sep24

2020

Comments

Popular posts from this blog

ဤတော်လှန်ရေးအလွန်

Those things happened for you

လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း