Hello...December Get link Facebook X Pinterest Email Other Apps December 01, 2020 Hello....i miss you someone not knowing that...I dream of you among the people to spend our times and go around the country.. the world we love Hey..youSay the truth you're ready... Get link Facebook X Pinterest Email Other Apps Comments
ဤတော်လှန်ရေးအလွန် November 27, 2023 ဤတော်လှန်ရေး.....အလွန်🛑။ အောက်ပါ အကြောင်းအရာများသည် ကျွန်ုပ်၏ကိုယ်ပိုင်ဘဝမှ လာသောအသိသညာမျှသာ။အကြောင်းအရာများ လွဲနေပါက ကျွန်ုပ်၏ အသိဗဟုသုတကြောင့်ပင်။ ဗမာ လူမျိုးကြီးဝါဒ ဆိုတဲ့စကား ကြားတိုင်း ကျွန်တော်လည်း ဝမ်းနည်းရပါတယ်။သိမ်ငယ်ရပါတယ်။ အကြောင်းက ဗမာလူတစ်စုကြောင့် အခြားတိုင်းရင်းသားတွေ နာကျင်ခဲ့ရတယ်ဆိုတာကို သိနေရပြီး ကိုယ်တိုင်က ဗမာ ဖြစ်နေခဲ့ရလို့ပါပဲ။ ကျွန်တော်က ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဝမ်းနည်းလာရင် ငိုဖို့ပဲ သိပါတယ်။ ငိုခဲ့ဖူးတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးလို့ပါပဲ။ ဆိုတော့ သင် ကြုံတွေ့ဖူးတဲ့လူတွေနဲ့ အခြားလူတစ်ယောက်ကို မငြိစွဲစေချင်ဘူး၊ သင်က ဆိုးတဲ့ သူနဲ့ ကြုံခဲ့ရတာဟာ သင် ကံမကောင်းသေးလို့ ဖြစ်ပါလိမ့်မယ်၊ ကောင်းမွန်တဲ့ နတ်သမီးလေးတွေဟာ တကယ် ရှိတတ်ပါတယ်။ ကျွန်တော် က ကျွန်တော့်ကလေးတွေကို လူမျိုးစုတွေအကြောင်း သင်ပေးရတိုင်း "ဒီနိူင်ငံမှာ တိုင်းရင်းသား (၈)မျိုး_ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း ဟူ၍ ရှိပြီး လူမျိုးစုတစ်ခုစီကနေလည်း လူမျိုးစု အသီးသီး(၁၃၅)စု ထိ(မက) ရှိကြောင်း၊ ဥပမာ_ကချင်မှာ ဆို လီဆူ၊ရဝမ် ၊ ချင်းမှာ ဆို တီးတိန်၊ ဖလန်း၊ ရခိုင်မှာ ဆို ခမာ၊ မြို ၊ ကရင်မှာ ဆို စကော၊ ... Read more
Those things happened for you June 21, 2023 ကိုယ့်ကိုယ်ကို ရင့်ကျက်နေပြီ ထင်ခဲ့တာတွေကလည်း အရွယ်တစ်ခု ရောက်ပြန်တော့ ရယ်စရာ၊ပြုံးစရာ ဖြစ်သွားပြန်တာပါပဲ။ သူငယ်ချင်းဆိုတာတွေ အပေါင်းအသင်းတွေ အလုပ်အကိုင်တွေ ဘဝနေမှုတွေ အရာရာ ပြောင်းလဲနေတယ်ဆိုတာ တကယ်မို့ ကျွန်တော်တို့ အချိန်တွေကိုတော့ ဘယ်တော့မှ မကန့်သတ်နိူင်ကြပါဘူး။ အားကျခဲ့ရတာတွေ လေးစားမိတာတွေ ဝါသနာတွေ ဒါတွေဟာ ဘာကြောင့် လုပ်နေမိခဲ့လဲ သေချာမသိတဲ့ ဆယ်ကျော်သက်အရွယ်၊ ရူးရူးသွပ်သွပ်အခိုက်အတန့်တွေပါပဲ။ ဘာကြောင့် ဖြစ်လာခဲ့လဲ၊ လုပ်နေမိခဲ့လဲ ဆိုတဲ့ အကြောင်းအရင်းကိုလည်း ကျွန်တော်တို့ အပြည့်အဝနားမလည်နိူင်သေးတာလဲ ဖြစ်ကောင်းဖြစ်နိူင်မှာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ ရှင်သန်ခဲ့ကြရပါတယ်။ ပိုရူးသွပ်ခဲ့သူတွေကလည်း သူတို့လိုချင်တာတွေနဲ့ အမြဲနီးလာခဲ့တာက သူတို့ရဲ့ကြိုးစားမှုရလဒ်တစ်ခုပဲ ဖြစ်နေမှာပါ။ တဖြေးဖြေး အရွယ်ပိုရလာတဲ့အခါ၊ ပို သိမြင်လာချိန်မှာတော့ အရာရာတိုင်းက ကျွန်တော်တို့ဆီမှာ ဖြစ်ပျက်ခဲ့တာမဟုတ်ဘဲ အရာရာတိုင်းက ကျွန်တော်တို့အတွက် ဖြစ်လာတာမို့ တနည်းအားဖြင့် ကျွန်တော်တို့ သတ္တိရှိနေရမယ်၊ အမြဲ ရဲဝံ့နေရမယ်လို့ ဆိုလိုလိုက်တာပါပဲ။ #KCM'sdiary June 21 2023 Read more
လူ့အရေးအခင်းများနှင့် ပြန်လည်တည်ထောင်ခြင်း November 15, 2023 ဒီခေါင်းစဉ်ကြီးကို ရေးဖို့က ကျွန်တော့်အတွက် နည်းနည်းအားကြီးပေမယ့် ကျွန်တော့်ဘဝထဲက ဖြစ်တည်လာတဲ့အတိုင်း ရေးပါမယ်။ ကျွန်တော့်ဘဝ ဘယ်တုန်းကတည်းက စခဲ့လဲ မသိပေမယ့် ကျွန်တော်ဆိုတာ ၈၈ ခုနှစ်ရဲ့ ဆယ်စုနှစ်အလွန် ငြိမ်းချမ်းသယောင် ထင်ရပြီး အစစ်အမှန်မရှိသေးတဲ့ ရွှေဘို_မန္တလေး မင်းနေပြည်တော်ကြား ရှေးဟောင်းအမွေအနှစ် စာရင်းဝင်၊ မြန်မာစာ သင်ရိုးပြဌာန်းစာအုပ်မှာ သင်ကြားခွင့်ရတဲ့ နယ်၊ အင်္ဂလိပ်၊ ဗြိတိသျှ တွေ ကိုယ်တိုင် နယ်မြေ အမည်ပေးခဲ့တဲ့ ဒေသလေး၊ ဧရာဝတီရဲ့မလှမ်းမကမ်း ကျန်စစ်သား၊မင်းတုန်းမင်း နယ်လှည့်ဖူးတဲ့ အရပ်မှာ နယ်မြို့လေးရဲ့ လေးပုံတစ်ပုံ၊ အရှေ့ခြမ်းရဲ့ သုံးပုံတစ်ပုံရဲ့အလယ်၊(ခု လက်ရှိတိုင် တော်လှန်မြေ) သူ့မိသားစုမှာတော့ သူဟာ ရုန်းကန်သူ ဖြစ်ပေးခဲ့ရပေမယ့် တစ်ဦးတည်းသော အမေ့ရဲ့အချစ်တွေကို ရရှိခဲ့ပြီးနောက် ယောက္ခမရဲ့အရှိန်အဝါနဲ့ သူဟာ အများနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှာ ဦးဆောင်၊လမ်းညွှန်ပေးခဲ့သူ အဖေ့ရဲ့သမီးတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ကလေး ဘဝတုန်းက စိတ်ထဲမှာ အဖေ့သမီး ဖြစ်ရတာ ဂုဏ်ယူမှုဖြစ်ခဲ့ရဖူးတယ်။ ငါ့အဖေက ဒီလိုလူမျိုးလေ ငါ့အဖေက ဒီလိုအလုပ်တွေ လုပ်ပေးတဲ့သူပေါ့။ ဆယ်ကျော်သက်အရွယ်ရောက်တော့ အဖေ့ကို မချစ်တေ... Read more
Comments
Post a Comment